• Feature
  • Photo
  • Song
  • Movie
  • Press
  • Mine
  • Logo
  • Contact
  • English
  • Burmese
  • Mon
  • RSS

ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံး(၂)လုံး ပေါက်ကွဲ

September 9, 2009
စက်တင်ဘာ (၉) ရက် ၂၀၀၉ ဒီနေ့ မနက်ပိုင်း (၉)နာရီ ၄၅ မိနစ်လောက်မှာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ ဒီကေဘီအေနှင့် ပြည်သူ့စစ် ဂိတ်ဖွင့်ထားသည့်ကြားနေရာတစ်နေရာမှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်(၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူအသေအပျောက် မရှိသော်လည်း လမ်းမကြီးပေါ်မှာ ဖြစ်ပွားတာကြောင့် ရုန်းရင်းဆန်ခန့် ဖြစ်သွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မြင်တဲ့သူ မြို့ခံတွေရဲ့ အပြောအရတော့ ဘုရားသုံးဆူမှာ အခြေစိုက်တဲ့ ခမရ ၂၈၃ က ဗိုလ်ကြီးတစ်ဦးက မဲကသာရွာက ပြန်လာတဲ့အခါ အဲဒီနေရာမှာ အမြဲတမ်း နားနေတဲ့အတွက် အခုလို ဖောက်ခွဲတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသေချာသေးဘူးတဲ့။

အဲဒီဗိုလ်ကြီးက ကေအန်ယူ ထိန်းချုပ်ထားတဲ့ မဲကသာရွာကို နေ့တိုင်း သွားပြီး ဒီကေဘီအေ တပ်တွေရဲ့ ကတုတ်ကျင်း ဆောက်နေတာတွေကို စစ်ဆေးပြီး ပြန်လာရင် အဲဒီဗုံးပေါက်ကွဲတဲ့နေရာမှာ နားတတ်တယ်လို့ ဆိုကြပါတယ်။ ဒီနေ့ ပေါက်ကွဲတဲ့အချိန်က အဲဒီဗိုလ်ကြီးက နေရာကနေ ထွက်သွားတာ မိနစ်ပိုင်းလောက်ဘဲ ရှိသေးတယ်တဲ့။

(ချ ချ ........ ထိအောင် ချ။ နောက်တစ်ခါကျရင် )

0 comments:

Post a Comment