• Feature
  • Photo
  • Song
  • Movie
  • Press
  • Mine
  • Logo
  • Contact
  • English
  • Burmese
  • Mon
  • RSS

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ နှင့် မေးမြန်းချက်

September 10, 2009
စုစည်းညီညွှတ်မှု ပျက်ပြားအောင် သပ်လျှိုဖြိုခွဲတာပဲ
Thu 10 Sep 2009, အာကာ
ပြည်တွင်းဖေါက်ခွဲရေးကိစ္စ စွပ်စွဲချက်နှင့် ပတ်သတ်၍ မွန်ပြည်သစ်ပါတီ ဗဟိုအတွင်းရေးမှူး နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းချက်

မေး။ ။ ကျိုက်မရောမြို့နယ် (မယက) ရုံးကနေ (၁၄၊ ၈၊ ၀၉) ရက်နေ့ က သက်ဆိုင်ရာ ကျေးရွာကောင်စီတွေကို ညွှန်ကြားစာတစောင် ထုတ် ထားတယ်။ အဲဒီမှာ (မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင် လှုပ်ရှားရေးအဖွဲ့) က လူအယောက် (၆၀) ကို ဖေါက်ခွဲရေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ဖို့ ပြည်တွင်းကို စေလွှတ်လိုက်တယ် ဆိုတဲ့အကြောင်းနဲ့ အဲဒီလုပ်ငန်းကို ဦးဆောင်တဲ့ အဖွဲ့ ထဲမှာ အတွင်းရေးမှူး နာမည်လည်း ပါဝင်နေတယ်ဆိုတဲ့အကြောင်း ကြား သိပြီး ဖြစ်ပါလိမ့်မယ်၊ အဲဒီကိစ္စ ပြောပြပေးပါလား?

ဖြေ။ ။ ကြားပြီးပြီ၊ နယ်ကသတင်း ပေးပို့လာလို့ သိရတယ်။ ကြားသိပြီး တော့ သေချာအောင် အဲဒီစာကို ရှာပို့ပေးဖို့ မှာလိုက်တယ်။ စာကိုတွေ့ရပြီး ပြီ။ အဲဒီစာထဲမှာ မော်လမြိုင် (ခယက) ရုံးရဲ့ (၁၀၊ ၈၊ ၀၉) ရက်နေ့က ညွှန်ကြားချက်အရ မြို့နယ် (မယက) ရုံးကနေ ကျေးရွာ/ရပ်ကွက်တွေကို ထပ်ဆင့်ညွှန် ကြားတယ်လို့ ဖော်ပြထားတယ်။

ဒီလိုအသေအချာတွေ့ရှိပြီးတော့ ကျနော်တို့လူတွေကနေတဆင့် သက်ဆိုင် ရာအာဏာပိုင်တွေကို မေးခိုင်းထားတယ်။ သူတို့ပြောထားတဲ့ ကျနော်အပါ အဝင် ဦးဆောင်အဖွဲ့ဝင် (၇) ဦး တွေ့ဆုံပြီး စီစဉ်စေလွှတ်တယ်ဆို တဲ့ကိစ္စ မှာ ဘယ်မှာတွေ့ဆုံကြတယ်။ ဘယ်နေ့က တွေ့ကြတယ်။ အခြားဘာအ ထောက်အထားတွေ ဘယ်လောက်ရထားတယ်ဆိုတာ မေးခိုင်းထားတယ် ခင်ဗျာ့။ ဒါတွေ သူတို့မဖြေကြားနိုင်ဘူး။ ဘာမှ အထောက်အထား မပြနိုင် ခဲ့ဘူး။

မေး။ ။ ဘာကြောင့် သူတို့ကို ဒီလိုမေးရတာလဲ?
ဖြေ။ ။ သိက္ခာရှိတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတခုအနေနဲ့ အရမ်းမစွပ်စွဲဖို့၊ တိကျသေချာမှ ပြောဖို့ဆိုတာကို ထောက်ပြချင်လို့ တကြောင်း၊ ပြီးတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိ လုပ်ကြံထားတဲ့ ကိစ္စဆိုတာ ရှင်းပြချင်လို့ ဖြစ်တယ်။

မေး။ ။ အတွင်းရေးမှူးဘက်က ဘယ်လိုရှင်းပြချင်လဲ?
ဖြေ။ ။ သူတို့ပြောတဲ့ (၈) လေးလုံး နှစ်ပတ်လည်အချိန်မှာ ပြန်လည် နိုးထလာရေးကိစ္စက သြဂုတ်လဆန်းမှာဆိုတော့ အဲဒီအချိန်က ကျနော်ဗ ဟိုဌာနချုပ်မှာ ရှိနေတာဗျ။ ဇူလိုင်လနှောင်းပိုင်းကတည်းက အရေးပေါ်ဗ ဟိုကော်မတီ အစည်းအဝေးရှိလို့ ကျနော်ဗဟိုကို ရောက်နေပါပြီ။ အဲဒီအ ချိန်မတိုင်မီ တစ်လနှစ်လလောက်ကလည်း ကျနော် ဒီဝန်းကျင်မှာ မရှိဘူး၊ အဝေးကြီးက ပြည်ပနိုင်ငံအချို့ကို ရောက်နေတယ်။ ပြည်ပက ရောက်လာ တာနဲ့ မကြာခင်မှာ ဗဟိုဌာနချုပ်ကို ရောက်သွားတာပဲ။ သူတို့ပြောထားတဲ့ လူတွေနဲ့ သွားတွေ့ဖို့ဆိုတာ အချိန်လည်း မရှိဘူး။ ဒါကြောင့် သူတို့စွပ်စွဲ သလို မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ အဖွဲ့ဝင်တွေရော အပြင်ကလူတွေပါ လူတော်တော်များများ သိပါတယ်။

မေး။ ။ ဒါဆိုရင် ဘာကြောင့်ဒီလို စွပ်စွဲရတယ်လို့ ထင်မြင်ပါသလဲ?
ဖြေ။ ။ ကျနော်မြင်တာက ကျနော်တို့အဖွဲ့အစည်းကို နယ်ခြားစောင့် တပ် ဖြစ်ဖြစ်၊ ပြည်သူ့စစ်ဖြစ်ဖြစ်၊ အသွင်ပြောင်းဖို့ ပြောတာကို ကျနော် တို့ဘက်က လက်မခံလို့ ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ တဦးအပေါ် တဦး မကျေနပ်မှုတွေ ဖြစ်၊ အထင်အမြင်တွေ မှားပြီး စုစည်းညီညွှတ်မှု ပျက်ပြားအောင် သပ်လျှိုဖြိုခွဲတာပဲလို့ မြင်တယ်။

အနိမ့်ဆုံးအဆင့် အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေနဲ့ အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားလိုတဲ့ လူတွေ ကျနော့်အပေါ် ဆန့်ကျင်တိုက် ခိုက်လာမယ်လို့ သူတို့တွက်ထားပုံ ပေါ်တယ်။ တကယ်လို့ ကျနော်တို့အ ဖွဲ့ထဲမှာ ကျနော့်အပေါ် အမြင်ရှင်းပြီး တစုံတရာ အရေးမယူဘူးဆိုရင် အဖွဲ့ အစည်းအနေနဲ့ ဒီမလုပ်သင့်တဲ့ ကိစ္စတွေကို ဖုံးကွယ် အကာအကွယ်ပေး နေတယ်။ အလိုတူ အလိုပါဖြစ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပြီး သူတို့ဘက်က အရေးယူလာရင် သူတို့အလွန်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်အောင် လုပ်တာပဲလို့ မြင်တယ်။

မေး။ ။ မွန်ပြည်သစ်ပါတီဝင် အများကြီးထဲမှာ အတွင်းရေးမှူးတဦးကိုပဲ ရွေးပြီး ဒီလိုလုပ်တာ ဘာကြောင့်လို့ ထင်ပါသလဲ?
ဖြေ။ ။ ကျနော်ဟာ သူတို့ရဲ့ မမှန်ကန်တဲ့လုပ်ရပ်တွေအပေါ်မှာ မကြာခ ဏ ဝေဖန်ထောက်ပြတာတွေ လုပ်ခဲ့တယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲ ထားပေမဲ့ သူတို့နဲ့ သွားလာဆက်ဆံရင်းနှီးအောင် မပေါင်းသင်းပဲ ရှင်းရှင်း နေတာလည်း ပါမယ်လို့ ထင်ပါတယ်။

မေး။ ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ အတွင်းရေးမှူး ဘယ်လိုမြင်ပါသလဲ?
ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးရဲ့ ပင်ကိုယ်သဘောက စစ်ရေးနည်းနဲ့ ဖြေရှင်းနေတာ နှစ်ဖက်စလုံးအတွက် နစ်နာဆုံးရှုံးမှုများလွန်းပြီး ပြေလည် စရာလည်း လမ်းမမြင်လို့ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဖြစ် တယ်။ ဒါမျိုးကို ကျနော် သဘောတူလက်ခံတယ်။ အခုဖြစ်နေတာက နိုင်ငံ ရေးအရလည်း မဆွေးနွေးဘူး။ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြိုကွဲပျက်စီးအောင် လုပ်နေတာမျိုးကိုတော့ မှန်ကန်တဲ့ လုပ်ရပ်ရယ်လို့ ကျနော်မခံယူနိုင်ဘူး။

မေး။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်မှာဖြစ်ရှိနေတဲ့ အခြေအနေအပါအဝင် အများပြည်သူကို အတွင်းရေးမှူးဘာ ပြောချင် သလဲ?
ဖြေ။ ။ ကိုးကန့်အဖွဲ့အပေါ်မှာ သူတို့ဖြစ်စေချင်တဲ့ နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ်ပုံစံကို လက်မခံလို့ တစိပ်ရရ၊ တဖဲ့ရရ သူတို့လက် ကိုင်ဒုတ်အဖြစ် ဖဲ့ထုတ်မွေးယူပြီး ရန်တိုက်ပေးဖို့ လုပ်တာပဲလို့ မြင်တယ်။ တခြားအပစ် ရပ်အဖွဲ့တွေအပေါ်မှာလည်း ဒီလိုခပ်ဆင်ဆင် နည်းမျိုးနဲ့ လုပ် လာမှာပဲ၊ ဒါက အစပဲလို့မြင်တယ်။ ဒီအပေါ်မှာ သတိကြီးကြီးထားဖို့ လို တယ်။

အများပြည်သူကို ချင့်ချိန်နိုင်အောင် ပြောပြလိုတာက ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် အနှစ် (၆၀) ကျော် ဖြစ်နေခဲ့လို့ ကျနော်တို့နိုင်ငံ ဘယ် လောက်အထိ အောက်ကျနောက်ကျ ဖြစ်နေရတယ်ဆိုတာ အများသိပါ တယ်။ အပစ်အခတ်ရပ်စဲခဲ့ကြလို့ ပြည်တွင်းစစ်မီး အရှိန်လျော့လာတယ်။ ရင်းနှီးမှု ယုံကြည်မှုအချို့ ရလာတယ်။ ဒါကိုမမြင် သင်္ခဏ်းစာမယူနိုင်သေးပဲ လက်နက်နည်းနဲ့ ဖြေရှင်းမယ်၊ မမှန်မကန်တဲ့နည်းနဲ့ ဖြေရှင်းဦးမယ်ဆိုရင် ကျနော်တို့ပြည်ထောင်စုဟာ ရှေ့တဆင့်မှာ ပြိုကွဲပျက်စီးသွားမယ့် အခြေ အနေကို ရောက်သွားမယ်လို့ ကျနော်မြင်တယ်။ ဒီကိစ္စ လေးလေးနက်နက် သုံးသပ်ကြပါလို့ပဲ ပြောချင်တယ်။

0 comments:

Post a Comment