လင်းနဲ့ ဦး သွားခဲ့တဲ့ မုဒုံမြို့က ကန်ကြီးဘုရား ဘေးက အသုတ်ဆိုင်၊ အကြော်ဆိုင်တွေ၊ အစင်းရေလှောင်တမံ ပေါ်က တိုက်အိမ်လေး၊ အောက်ဘက်က ဘုရားတွေမှာ ဆုတောင်းခဲ့တာတွေ၊ အဲဒီက အပြန် မိုးရွာလို့ စက်ဘီးနင်းရတဲ့ ဦးဘက်ကိုသာ ထီးထိုးစောင်းပေးပြီး ချမ်းတုန်နေတဲ့ လင်းရဲ့ မျက်နှာတောင်မက ခရီးဝေးတဲ့ ဦးအတွက် လင်းသုံးပြီးသား မျက်နှာသုတ်ပုဝါတစ်ထည့်ကို ပေးခဲ့တယ်လေ။ လင်း မော်လမြိုင် ဂိတ်ကားအထိ လိုက်ပို့ပြီး တုန်ရီနေတဲ့ ဦးကို အနောက်ခန်းမှာ မစီးဖို့၊ ရှေ့ခန်းမှာ စီးဖို့ လာပြောသွားခဲ့သေးတယ်နော်။ စိုနေတယ် လင်းအရင်ပြန်တော့လို့ ဦး အခါခါ ပြောပေမယ့် ထီးကလေးတစ်လက်နဲ့ လက်တစ်ဘက်က စက်ဘီးကို ကိုင်ကာ ဦး ပြန်တာကိုပဲ စောင့်ကြည့်နေတဲ့ လင်းကို ဦး ဘယ်လိုမေ့ရမလဲ။
အဲဒီမျက်နှာသုတ်ပုဝါက လင်းရဲ့ကိုယ်ရနံ့ သင်းလှိုင်နေတာ အပတ်ပေါင်း ကြာရှည်။
အဲဒီရနံ့နဲ့ ဦး အိပ်တတ်လာတာ (၁၀)တန်း ဖြေပြီးတဲ့အထိပဲပေါ့။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment